Thursday, November 3, 2016

ဗိုလ်ချုပ်အောင်ဆန်း ၏ ဓါတ်ပုံများ

ဗိုလ်ချုပ်အောင်ဆန်း ၏ ဘ၀ မှတ်တမ်းများရုပ်သံ

ဗိုလ်ချုပ်အောင်ဆန်း နှ င့် အိန္ဒိယ၀န်ကြီးချုပ် Mr. Jawaharlal Nehru တို့ ၁၉၄၇-ခုနှ စ် ဇန်န၀ါရီလက အိန္ဒီယနိုင်ငံ နယူးဒေလီ မြို့တွင် တွေ့ဆုံစဉ် ရုပ်ရှင်မှတ်တမ်းပါ(အသံမကြားရပါ)  



၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော မှ အာဇာနည်ကုန်း သို့ပို့ဆောင် သင်္ဂြုလ်ခဲ့ကြသော မော်ကွန်းရုပ်ရှင် ရုပ်သံမှတ်တမ်း

ဗိုလ်ချုပ်အောင်ဆန်း ၏ ဘ၀ မှတ်တမ်းများ














Saturday, July 9, 2016

ရန်ကုန်ဘဆွေ စာအုပ်များ

  
 
   ရန်ကုန်ဘဆွေ

   သေသော်မှသည် သြော် ကောင်း၏ Download

   သူပုန်ဆိုးပေ Download

   ရွှေဝါပြည် Download

   ဖက်ဆစ်သရဲတွေပတ်လည်ဝိုင်းပါလို့ Download

   ရန်ကုန်ဘဆွေမှ ဦးသိန်းဖေမြင့်သို့ အိတ်ဖွင့်ပေးစာ Download
   မြန်မာပြည်သား  Download

   နန်းဟားဗီး  Download
  

    ရန်ကုန်ဘဆွေ၏ အတ္ထုပတ္တိနှင့် စာပေခရီး
ခင် ဦးကြာဖြူ၊ မိခင် ဒေါ်သေးသေး တို့မှ ၁၉၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် ဖျာပုံခရိုင် (ဧရာဝတီတိုင်း) ဒေးဒရဲမြို့နယ်၊ ရေပူဝဲကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၂ ယောက် ရှိသည့်အနက် အငယ်ဖြစ်သည်။ အမည်ရင်းမှာ ဦးဘဆွေဖြစ်ပြီး ငယ်မည်မှာ လှမောင်သွင် ဖြစ်သည်။
မိခင်၏အလိုလိုက်မှုကြောင့် ငယ်စဉ်က အတန်းပညာမသင်ခဲ့ရသော်လည်း အစ်ကို (ကျောင်းဆရာ) ဖြစ်သူ၏ သင်ပြမှု၊ ကိုယ်တိုင် အားထုတ်မှုဖြင့် စာရေးစာဖတ် တတ်မြောက် လာသည်။ စာဖတ်ခိုင်းလျှင် ပန်းချီဆွဲနေခဲ့ပြီး ငယ်စဉ်ကပင် ပန်းချီကို ၀ါသနာပါခဲ့သည်။ ၁၉၃၂ ခုနှစ်၊ အသက်ဆယ့်လေးငါးနှစ်အရွယ်တွင် ရန်ကုန်သို့ ထွက်ခဲ့ပြီး မြောင်းမြတွင် ပန်းချီပညာ၊ အကပညာ သင်ယူသည်။ ထို့နောက် ဗေဒင်ဟောစာတမ်းရေးပေးသည့် အလုပ်လုပ်ရင်း ဗေဒင်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။ ဘားနာဒ်ပိဋကတ်တိုက်တွင် စာအုပ်စာပေများကို လေ့လာဆည်းပူးခဲ့သည်။
၁၉၃၃-၁၉၃၄ ခုနှစ်ခန့်တွင် သက်စောင့်မဂ္ဂဇင်းတွင် “လှမောင်´´ အမည်ဖြင့် ၀တ္ထုတိုများ ဖော်ပြခံရသည်။ ကြီးပွားရေးအသင်း စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရသောအခါ “သတိုးဆွေ´´ ကလောင်အမည်ကို ပြောင်းယူခဲ့သည်။ ၁၉၃၆-၁၉၃၉ ခုနှစ်တွင် ပုဇွန်တောင် ဆင်းဂါးစက်ချုပ်သင်တန်းကျောင်းတွင် ဇာထိုးပန်းထိုးအထည်များအတွက် ပန်းရေးအလုပ် လုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပါတိတ်ဆေးရေးခြင်းကို မောင်မောင်အောင်၊ ၀သုန် တို့နှင့်အတူ စတင်လုပ်ကိုင်ခဲ့သည်။ ယုဒသန်ရိပ်သာ (ကောလိပ်) တွင် ၁၉၈၇ ဖေဖော်ဝါရီ (၂၃) ရက်မှ (၂၇) ရက်ထိ “ပါတိတ်ချစ်သူများ´´ ခေါင်းစဉ်ဖြင့် ပါတိတ်ပန်းချီပြပွဲတွင် ဆရာကြီး၏ ပန်းချီလက်ရာများ ပြသခဲ့သည်။ နဂါးနီဂျာနယ်တွင် “၀ါးခယ်မလှမောင်´´ ကလောင်အမည်ဖြင့် ၀တ္ထုတိုမျုး၊ ဆောင်းပါးများ ရေးခဲ့သည်။ နောင်တွင် အမည်တူရှိနေသဖြင့် “ရန်ကုန်ဘဆွေ´´ အမည်ပြောင်းခဲ့သည်။ “စံနက်ကျော်´´ အမည်ဖြင့်လည်း ရေးခဲ့သည်။
ဆရာကြီး ရန်ကုန်ဘဆွေ သည် ပထမဆုံးလုံးချင်းစာအုပ်ဖြစ်သော “ချစ်ဇနီးသို့´´ စာမူကို ဂျပန်ခေတ် ၁၉၄၃ ခုနှစ်မှစကာ ရေးခဲ့သော်လည်း ၁၉၆၁ ခုနှစ်မှ ထုတ်ဝေနိုင်ခဲ့သည်။ နောက်ဆုံးလက်ရာဖြစ်သော ပေဖူးလွှာမဂ္ဂဇင်းပါ “ဘယ်မှာလဲ ပြည်သူ့အရေးတော်ပုံပါတီ´´ ဆောင်းပါးတွင် သူ့ရုပ်ပုံလွှာကို သူကိုယ်တိုင် ညွှန်းဆိုရေးသားခဲ့သည်။ ၁၉၄၀-၄၁ ခုနှစ်တွင် နဂါးနီဂျာနယ် အယ်ဒီတာအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် ပြဇာတ်နယ်ထဲသို့ဝင်ကာ “စစ်ပြန်´´ နှင့် “စံထူး´´ ပြဇာတ်များကို နေသူရိန်ရုံ တွင် တင်ဆက်ခဲ့သည်။ “ခ၀ဲပွင့်ချိန်´´ ပြဇာတ်ကိုလည်း နေသူရိန်ရုံတွင် ပြခဲ့သည်။
၁၉၄၇ ခုနှစ်တွင် သူ၏ သုခုမ ရုပ်ရှင် တင်းကုပ်မှ “စံထူး´´ အမည်ရှိ တော်လှန်ရေးဇာတ်ကား ရိုက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဂျာနယ်ပြာ ဂျာနယ်ကို ထုတ်ဝေခဲ့သည်။
၁၉၅၄ တွင် ရုပ်ရှင်နယ်ထဲသို့ ၀င်ရောက်ခဲ့သည်။ ဆရာကြီးသည် ဒါရိုက်တာ ဒေါ်မြမြ ရိုက်ကူးသော “ဗေဒါ´´ ဇာတ်ကားတွင် ဖခင် အရက်သမားကြီး အခန်းမှ ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာကြီးကိုယ်တိုင် ရိုက်ကူးသော “မာန်´´ ရုပ်ရှင်ကားတွင်လည်း မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည်။
၁၉၅၆-၅၇ ခုနှစ်တွင် နာဂတောင်တန်း လေ့လာရေးခရီးသွားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မီးဒုတ်ဂျာနယ်ကို တာဝန်ယူထုတ်ဝေစေခဲ့သည်။ ၁၉၅၉-၆၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဌ ဖြစ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဥက္ကဌ တာဝန်ယူခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ပသို့ ထွက်ခွာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။
ဆရာကြီးသည် စစ်သားလူထွက်၊ နိုင်ငံရေးသမားဟုဆိုသော်လည်း နိုင်ငံရေး လုပ်မစားပေ။ ပြဇာတ်ဒါရိုက်တာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်လုပ်ခဲ့သော်လည်း သူ၏အဓိကအလုပ်မှာ စာရေးခြင်းနှင့်ပန်းချီဆွဲခြင်းတို့ ဖြစ်သည်။ ပန်းချီဆရာတစ်ယောက်အဖြစ်လည်း ထင်ရှားခဲ့သည်။ ၁၉၈၁ ခုနှစ်၊ နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ချီးမြှင့်ခံရသည်။
ဆရာကြီး ရန်ကုန်ဘဆွေ သည် စာရေးသက် (၅၆) နှစ်အတွင်း တိုက်ပွဲမှတ်တမ်းတင်ဝတ္ထု (၃) အုပ်၊ ခေတ်သရုပ်ဖော်ဝတ္ထု (၂) အုပ်၊ တိုင်းရင်းသားချစ်ကြည်ရေးဝတ္ထူ (၁) အုပ်၊ သမိုင်းနောက်ခံဝတ္ထု (၂) အုပ်၊ ပြဇာတ် (၄) ခု၊ စာပေရေးသားမှုဆိုင်ရာကျမ်း (၄) အုပ်၊ ဘာသာပြန်ဝတ္ထု (၁) အုပ်၊ အိမ်ထောင်ရေးကျမ်း (၁) ခု၊ ဗေဒင်ကျမ်း (၁) အုပ် တို့ကို ရေးသားထုတ်ဝေခဲ့ပြီဖြစ်သည်။ ဆရာကြီး၏ ထင်ရှားသောဝတ္ထုများမှာ -
၁၉၆၄ – ခေတ်၏သားကောင်
၁၉၆၄ – သေသော်မှတည့် သြော်ကောင်း၏
၁၉၆၄ – သည်မိုးသည်လေသည်လူတွေနဲ့
၁၉၆၆ – မြန်မာပြည်သား
၁၉၇၀ – မင်းလိုလူစား အများကြီးဟေ့
၁၉၇၁ – စံပယ်တို့ခေတ်
၁၉၇၁ – သူရစံကျော်
တို့ဖြစ်သည်။
ရန်ကုန်ဘဆွေသည် ဘ၀ကြင်ဖော် ဒေါ်မြသွေး နှင့် သားသမီးများဖြစ်ကြသော မမေသွဲ့ဆွေ၊ မသက်နွဲ့၊ မမြမူမူ၊ မောင်ဆွေညို၊ မဆင်းရွှေရည်၊ မလှလှနု၊ မမြဆွေ၊ မောင်သက်မှူး၊ မအိအိချော နှင့် မြေး (၁၆) ယောက်တို့ကို ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် စွန့်ခွာအနိစ္စရောက်ခဲ့သည်။ ဆရာကြီး၏ ဈာပနသို့ အနယ်နယ်အရပ်ရပ်မှ သူ့ကိုချစ်သော အနုပညာမောင်နှမများ (၈၄) ဦးခန့် လာရောက်ခဲ့ကြသည်ကိုလည်း ဆရာကြီး၏ နာရေးအမှတ်တရ မှတ်တမ်းစာအုပ်ထဲတွင် တွေ့ရှိခဲ့ရသည်။
ပါဝင်ရေးသားခဲ့သော မဂ္ဂဇင်းများမှာ – ကာနယ်ဇင်း၊ ကေသီပန်၊ ကောဇာသစ်၊ ဂျာနယ်ပြာ၊ ငွေတာရီ၊ စနေနဂါးနီ၊ စာပန်းချီ၊ စုံထောက်၊ နဂါးနီ၊ န၀ဒေး၊ ပေဖူးလွှာ၊ ပန်းချီ၊ မီးဒုတ်၊ မြ၀တီ၊ ရုပ်ရှင်ချစ်သူ၊ ရွှေဝတ်မှုံ၊ ရှုမ၀၊ ၀တ်မှုံ၊ သုတေသီ၊ သက်စောင့်၊ သွေးသောက် စသည်တို့ဖြစ်သည်။
ကလောင်အမည်ကွဲများမှာ – စံနက်ကျော်၊ လှမောင်၊ ၀ါးခယ်မလှမောင်၊ သတိုးဆွေ တို့ဖြစ်သည်။
(စာကြည့်တိုက်နှင့်သုတပညာဌာန ဒီပလိုမာ (၁၉)၊ ဘွဲ့ယူဒီပလိုမာစာတမ်းမှ ပြန်လည်ဖော်ပြသည်။)

Miemiesan's Blogမှ ကူးယူဖော်ပြပါသည်။  

Friday, July 8, 2016

ဆရာမောင်သာရ စာအုပ်များ

  မောင်သာရ 

   မနှုတ်လောက်တော့တစ်ဆယ်ချေး  Download

   တော်လယ်၊မောတယ်၊အပြောကြွယ် Download
 
   ကျဉ်တုတ်ခံဝံ့မခံဝံ့  Download
 
   ပြုံးတတ်တယ်၊ခေါင်းငြိမ့်တတ်တယ်  Download

   ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး   Download
 
   ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်   Download