ဗိုလ်ချုပ်အောင်ဆန်း ၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်း
(ဗိုလ်ချုပ်အောင်ဆန်း - ၁၉၄၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ ညနေ ၆ နာရီ ၃၃ မိနစ် အချိန် တွင် အသံလွှင့်ဌာနမှ တိုင်းပြည်သို့ ပြော ကြားသော ‘လမ်းနှစ်ခွ’ မိန့်ခွန်းမှ …)

“အဲဒီတော့
ကျုပ်တို့ဟာလူထုရဲ့ခေါင်း ဆောင်လုပ်မယ်ဆိုရင်လူထုရဲ့အကျိုးကိုတကယ်တမ်းဆောင်ရွက်နိုင်အောင် ကြိုး ပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုး ကိုစွန့်ပစ်ကြရ လိမ့် မယ်။ နိုင်ငံရေးဆောင် ရွက်တယ်ဆိုတာ ‘ကြောက်ရင်လွဲ ရဲမင်းဖြစ်’ ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။

ကျွန်တော်တို့တော့ ရှေ့အဖို့ကိုရဲရဲကြီးလုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ် တော့မယ်။ ကျွန် တော်တို့တတွေ ဟိုအကြောင်းထောက် ဒီအကြောင်း ထောက်ပြီး ချီတုံချတုံ ဖြစ်နေမှု ကြောင့် လူထုမနစ်နာစေချင်တော့ဘူး။”