Friday, September 16, 2011


စိုင်းဦးမှာလား

ပင်လယ်ဝဆီက၊ ဒီတက်စ လှိုင်းဘောင်ဘင်။
မဗေဒါ တဟုန်ထိုး၊ ချောင်းရိုးကိုဝင်။
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင် လေတိုင်း။
ရေထ ဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။
အထက်ချောင်းကျလော့၊ ဒီညောင်းစ ချောင်းရေသာ။
မဗေဒါ ကိုယ်ရှိန်သတ်၊ လှမ်းတက်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံ ပုံခဲ့။
ရေသင်းဖြူး ပေမို့
ပွင့်ဖူးစုံ ငုံတံနဲ့၊ ပန်းမူရာနွဲ့။
ပန်းအလှ မဗေဒါ . . .တဲ့။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝ ဆီက
ဒီရေကျ ခွန်းစသာ၊ လွမ်းစရာပါတကား။
မိုးမမြင် လေမမြင်နဲ့
ထီမထင် စုန်ချင်တိုင်း၊ စိုင်းဦးမှာလား။

                                                 (ဆရာဇော်ဂျီ)

No comments:

Post a Comment